26 April 2024

သြဂုတ် ၆ ရက်၊ ၂၀၂၂

ထိုင်းနိုင်ငံ ချာခြုံဆောင်ခရိုင်တွင်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား အသက် ၄၀ ခန့်မှာ တောရိုင်းဆင်နင်းခံရလို့သေဆုံးသွားတယ်လို့ จีรศักดิ์ กล้าหาญ ရဲ့ဖေ့ဘွတ်စာမျက်နှာတွင်ဖော်ပြထားပါတယ်။

သေဆုံးသွားတဲ့မြန်မာလုပ်သားမှာ ၄င်းရာဘာခြံထဲတွင်မိသားစုနဲ့အတူနေထိုင်ကြောင်းသိရပါတယ်။ အမျိုးသားဖြစ်သူက တောရိုင်းဆင်လာနေတယ် ပြေးလို့အော်ဟစ်သတိပေးခဲ့လို့ ဇနီးဖြစ်သူက (၁)နှစ်အရွယ်ကလေးငယ်ကို ပွေ့ချီထွက်ပြေးသွားပြီး၊ သူကတော့ ဆင်နင်းခံရလို့ သေဆုံးသွားခဲ့ပါတယ်။

သြဂုတ် ၃၁ ရက်နေ့ နံနက် ၆ နာရီခန့်ကဖြစ်ပွားခဲ့တာလို့ ဖော်ပြချက်တွင်သိရပြီး၊ ထ်ိုင်းနိုင်ငံ ချာခြုံ​ဆောင်ခရိုင် ထာ့တကင်မြို့နယ် မူ ၇ ထာ့တကင်​ကျေးရွာအုပ်စုမှာရှိတဲ့ ရာဘာခြံထဲမှာ ဖြစ်ပွားခဲ့တာပါ။

အခင်းဖြစ်ပွားပြီးနောက် ရွာလူကြီးနဲ့ သက်ဆိုင်ရာအဖွဲ့တွေ ရောက်ရှိလာပြီး စောင့်ကြပ်ကြည့်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။သေဆုံးသူ အမျိုးသားဟာ အသက်(၄၂)အရွယ်ဖြစ်ပါတယ်။

ကိုချစ် ဇွဲကပင်မြေ

ขอบคุณข้อมูล : จีรศักดิ์ กล้าหาญ

SHARE THIS NEWS

OTHER NEWS