စက်တင်ဘာ ၂၇ ရက်၊ ၂၀၂၂
စစ်အာဏာရှင်တွေက ကျမတို့ရွာထဲကို ဝင်လာတယ်၊ အပြစ်မဲ့ပြည်သူတစ်ဦးကိုပစ်သတ်သွားတယ်။ လူငယ်တစ်ဦးကိုလဲ ကားပေါ်ဆွဲတင်သွားတာ ကျမကိုယ်တိုင်မြင်ခဲ့ရပါတယ်”ဟု ရှေတန်းမှာ စစ်ကောင်စီနဲ့ထိပ်တိုက်ရင်ဆိုင်နေတဲ့ စနိုက်ပါရဲမေ မဆူးခက်ကပြောသွားတာဖြစ်ပါတယ်။
မဆူးခက် ဟာ အသက် ၁၈ နှစ်သာရှိပြီး အပြစ်မဲ့ပြည်သူတွေ ပစ်သတ်ခံရတာကို ကိုယ်တိုင်မျက်မြင်တွေ့ခဲ့လို့ အာဏာရှင်ကိုတော်လှန်ဖို့ဆိုပြီး ပင်ပန်းဆင်းရဲဒဏ်ကိုကျော်ဖြတ်ပြီး တောတွင်းတနေကိုရောက်နေတာဖြစ်ပါတယ်။
မဆူးခက်ဟာ ရှေ့တန်းတိုက်ခိုက်ရေးနယ်မြေတွေမှာပါဝင်လှုပ်ရှားနေပါတယ်။ ရှေ့တန်းဆိုတာက ယောက်ျားတွေကြီးပဲမဟုတ်ပါဘူး၊ မိန်းကလေးရဲမေတွေလည်းပါတယ်လို့ သူမဆိုပါတယ်။
တော်လှန်ရေးလုပ်ဖို့တောထဲမှာစရောက်တဲ့နေ့ကဆိုရင် အရာအားလုံးက အသစ်အဆန်းတွေဖြစ်နေတယ်။ အခက်အခဲတွေကတော့အမြဲတမ်းရှိပါတယ်။ ပြီးတော့ ယောက်ျားလေးတွေလို သွားနိုင်အောင် စားနိုင်အောင် မိန်းကလေးတစ်ယောက်နဲ့ အတော်ကြိုးစားယူခဲ့ရပါတယ်။ “ငါဟာမိန်းကလေးပဲ ငါမလုပ်နိုင်ပါဘူးဆိုတဲ့ အတွေးကိုမတွေးခဲ့ပါဘူး” ပြီးတော့ ဒီလိုအဖွဲ့တွေဖြစ်လာဖို့ဆိုရင် အနေဆင်းရဲ၊ အစားဆင်းရဲ၊ အအိပ်ဆင်းရဲနဲ့သီးခံကျော်ဖြတ်ခဲ့ရပါတယ်။
ယခုလိုမိုးတွင်းရာသီဆိုရင်တောထဲမှာရောက်နေတဲ့ တော်လှန်ရေးရဲဘောက်တွေအတွက် စိတ်ရောကိုယ်ပါပင်ပန်းနေရတဲ့အချိန်ပါ၊ ကျန်းမာရေးအပိုင်းမှာဆိုရင်လဲ မဖြစ်အောင်နေရတာပေါ့။ မိုးတအားရွာတဲ့အချိန်ဆိုရင် တဲတွေကလဲမိုးမလုံဘူး၊ ချမ်းကလဲချမ်း၊ ခြင်တွေကိုက်တဲ့ဒဏ်ကိုလဲခံရတယ်။ နေမပူတဲ့နေ့မျိုးဆိုရင် လဲစရာအဝတ်အစားတွေလဲမရှိတော့ ရေစိုစိုနဲ့ကျော်ဖြတ်ပြီးနေရပါတယ်။
အိမ်မပြန်ရတာတော့ တစ်နှစ်ကျော်နေပါပြီ၊ အိမ်ကိုလဲအရမ်းလွမ်းပါတယ်။ မိသားစုထမင်းဝိုင်းကိုလဲ အရမ်းသတိရတယ်။ ကျမ မပါဘဲ ထမင်းမစားတတ်တဲ့အမေတစ်ယောက် ယခုဆိုဘယ်လိုနေသလဲ တွေးပူမိတယ်လို့ အင်တာဗျူးမှာ သူမကပြောသွားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာဆိုရင် စီးပွားရေး ဖွံ့ဖြိုးရေး ပညာရေး အဖက်ဖက်ကကျဆင်းနေတဲ့ဘက်မှာရှိနေတဲ့အတွက် ပြည်သူတွေသာမက ကျမတို့လို တော်လှန်ရေး ရဲဘော်တွေလဲ ရင်ဆိုင်နေရတယ်ဟု သူမကဆက်ပြောသွားပါတယ်။
ကိုချစ် ဇွဲကပင်မြေ