29 April 2024

အောက်တိုဘာ ၁၅ ရက်၊ ၂၀၂၂

စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ ကျေးရွာအချို့ရှိ ဒေသခံတွေ ၅၀၀ ကျော်မှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ထွက်ပြေးရတဲ့ကျေးရွာတွေကတော့ နတ်လင်းကျေးရွာ၊ နောင်လတ်ကြီးကျေးရွာနဲ့ ဝင်ဝကျေးရွာလို့ သိရပါတယ်။ ထွက်ပြေးနေရတဲ့သူတွေမှာ ခုလောလောဆယ်တော့ ရွှေကူနဲ့ မိုးကင့်ဘက်က ဘုန်းတော်ကြီးကျောင်းတွေမှာ တည်းခိုနေထိုင်ကြတယ်လို့ စစ်ရှောင်တစ်ယောက်ထံကသိရပါတယ်။

ထို့ပြင် မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ အောက်တိုဘာ ၁၃ ရက် ညနေပိုင်းက စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်တဲ့ တဲတွေကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ DVB ကဖော်ပြထားပါတယ်။

အဲဒီတောထဲမှာ စစ်ရှောင်တဲအရေအတွက် ၂၀ ကျော်လောက်ရှိပြီး စစ်ကောင်စီစစ်ကြောင်း ရှိနေသေးတဲ့အတွက် ဒေသခံတွေ ပြန်မသွားရဲသေးတာဖြစ်ပါတယ်။

စစ်ရှောင်တွေဟာ အဝတ်တထည် ကိုယ်တခုနဲ့ ထွက်​ပြေးလာရတဲ့အတွက် စားနပ်ရိက္ခာ၊ စောင်၊ ခြင်ထောင်၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ လိုအပ်နေတယ်လို့ ဖော်ပြချက်အရသိရပါတယ်။

ဓါတ််ပုံ – Cj

SHARE THIS NEWS

OTHER NEWS