27 April 2024

,

ဇန်နဝါရီလ ၁၉ ရက်တွင် သတင်းထောက်များက သတင်းပေးပို့ခဲ့ပါတယ်။ Buachet ခရိုင် အိမ်အမှတ် 191 တွင် အရှည် ၁၂စင်တီမီတာရှိသောလှပတဲ့ရွှေရောင်ငါးကိုတွေ့ရှိခဲ့ပြီးနောက် ရွှေငါးသည်ရေကန်ထဲတွင်သွက်လက် ကိုယ်ဟန်အနေအထားဖြင့် ကူးခတ်နေပါတယ်။

BuaChet ခရိုင် ရွာသား အသက် ၆၅ နှစ် အရွယ် အဒေါ် Suphan Moonchan သည်ရွှေငါးပိုင်ရှင်ဖြစ်ပြီးသတင်း ထောက်များကမေးမြန်းထားပါတယ်။ ရွှေရောင်ငါးကို ရွာလယ်ကွင်းပြင်ကတူးမြောင်းအစွန်းမှာငါးရှားရင်းတွေ့ ခဲ့ပါတယ်။ ထိုနေ့ကမိုးသည်းထန်စွာရွာနေပြီး ရွှေရောင်ငါးလေးက လမ်းပေါ်သို့ခုန်တက်သွားတာကိုတွေ့ခဲ့ပြီး သူ ဖမ်းလာခဲ့ပါတယ်။ ရွှေငါးကိုအခြားငါးတွေနဲ့အတူတူထားခဲ့သော်လည်း ရွှေငါးကိုအခြားငါးတွေကလိုက်ဖမ်းစား တဲ့အတွက် ရွှေငါးကိုသီးခြားရေကန်တစ်ခုထဲတွင်ထားပြီး “ကျောင်းမော်ထော်” လို့အမည်ပေးထားခဲ့ပါတယ်။

အရင်ပတ်တွေတုန်းက ထီအကြိမ်ပေါင်းများစွာကံထူးခဲ့ပြီး အိမ်တွင်ရွှေငါးရောက်လာကတည်းကကံကောင်း လာခဲ့တယ်လို့ယုံကြည်ခဲ့ပါတယ်။ ရွှေငါးက သူမကိုကံကောင်းစေခဲ့တဲ့အတွက် ဒီရွှေငါးကိုတစ်ယောက်ယောက် ကဈေးကြီးပေးပြီးလာဝယ်ရင်တောင် သူမက ရောင်းမှာမဟုတ်ဘူးလို့ဆိုပါတယ်။

သတင်းကြားပြီးနောက် ရွာသူရွာသူများက ရွှေငါးကျောင်းမော်ထော်ကို တစ်ခါမှမမြင်ဖူးတာကြောင့်လာရောက် ကြည့်ရှုကြပြီး ရွှေရောင်အဆင်းရှိတဲ့ငါးကိုပိုင်ဆိုင်ထားတဲ့ပိုင်ရှင်အားကံကောင်းစေမည်ဟု ရွာသားများက ယုံကြည်ကြပါတယ်။ ရွှေငါးရှေ့တွေထီခေါ်အမွှေးတိုင်ထွန်းကာ ရလာတဲ့ဂဏန်းကတော့ 492 ဖြစ်ပါတယ်။

ရွှေငါးပိုင်ရှင် အန်တီ Suphan Moonchan အသက်က 65 နှစ်ပြီး အိမ်နံပါတ်ကတော့ 191/ 11 ဖြစ်ပါတယ်။ အခုလာမည့် ၁ရက်‌နေ့ ၂ လပိုင်း ၂၀၂၃ အစိုးရထီအတွက် ကံကောင်းကြပါစေလို့ဆိုပါတယ်။

SHARE THIS NEWS

OTHER NEWS