1 January 2026

ထိုင်းနိုင်ငံတွင် နေထိုင်လုပ်ကိုင်နေသော တရားမဝင်လုပ်သားများအား စီမံအုပ်ချုပ်ရေးလမ်းစဉ်ချမှတ်နိုင်ရန်အတွက် ထိုင်းအလုပ်အကိုင်ရှာဖွေရေးညွှန်ကြားရေးမှူးချုပ် ဖိုင်ရို့ ချိုတီစထီယန်း ဦးဆောင်ပြီး ယနေ့မနက် ၁၀ နာရီအချိန်တွင် အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနရုံး၌ အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ ပြီး ဆွေးနွေးခဲ့ကြသည်ဟု ထိုင်းအလုပ်ကိုင်ရှာဖွေရေးဦးစီးဌာန၏ ပြန်ကြားရေးဌာနက ဖော်ပြထားသည်။

အဆိုပါအစည်းအဝေးတွင် ဖစ်ဘူရီခရိုင်အလုပ်အကိုင်ရှာဖွေရေးရုံးမှလည်း Video Conferenceဖြင့် ပါဝင်ဆွေးနွေးခဲ့သည်ဟု ဖော်ပြထားသည်။

 

ပလာတူး

SHARE THIS NEWS

OTHER NEWS