2 May 2024

၂၀၂၃ ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် နိုင်ငံခြားလုပ်သားစီမံအုပ်ချုပ်ရေးမူဝါဒကော်မတီအစည်း အဝေးကို ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့ (၂၀၂၃) တွင် ထိုင်းအလုပ်သမားဝန်ကြီး ဦးဆောင်ပြီး ကျင်းပ ခဲ့သည်ဟု ထိုင်းအလုပ်အကိုင်ရှာဖွေရေးဦးစီးဌာန၏ ပြန်ကြားရေးဌာန က ဖော်ပြထားသည်။

 

အဆိုပါ အစည်းအဝေးကို ထိုင်းအလုပ်သမားဝန်ကြီးဌာနအဆောက်အဦး ၅ လွှာရှိ အစည်းအဝေးခန်းမ တွင် ကျင်းပခဲ့ပြီး ကော်မတီဥက္ကဋ္ဌဖြစ်သူ ထိုင်းအလုပ်သမားဝန်ကြီး စူချတ် ချွမ်ကလင် က ဗီဒီယို ကွန်းဖရင့် မှတဆင့် တက်ရောက်ခဲ့သည်ဟု ဖော်ြပထားသည်။

ထို့ပြင် ထိုင်းအလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အပါအဝင် ထိုင်းအလုပ်အကိုင်ရှာဖွေရေး ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်ဟု ဖော်ပြထားသည်။

 

ယင်းအစည်းအဝေးတွင် တရားမဝင်လုပ်သားစီမံအုပ်ချုပ်ရေးနှင့်ပတ်သက်ပြီး အဓိကဆွေးနွေးသုံးသပ်ခဲ့ ကြသည်ဟု ဖော်ပြထားသည်။

SHARE THIS NEWS

OTHER NEWS