လက်နက်ကိုင်ပြီး အမိမြေကိုကာကွယ်ခဲ့တဲ့ ယူကရိန်းကစားသမား ၂ ဦး စစ်မြေပြင်တွင်ကျဆုံး။
ရုရှားကျူးကျော်စစ်ကြောင့် လက်နက်ကိုင်ပြီး အမိမြေကိုကာကွယ်ခဲ့တဲ့ ယူကရိန်းကစားသမား ၂ ဦး စစ်မြေပြင်မှာကျဆုံးခဲ့တယ်လို့ ကမ္ဘာ့ကြေစားဘောလုံးသမားအဖွဲ့ချုပ် (FIFPRO) က ထုတ်ပြန်ထား ပါတယ်။
အသက် ၂၁ အရွယ် ကာပါတီ လိဖ်ကလပ် လူငယ်ကစားသမားဟောင်း ဝီတာလီ ဆာပီလို နဲ့ အသက် ၂၅ နှစ်အရွယ် ကော့စတိုမေးလ်ကလပ်ကစားသမား ဒီမီထရို မာတီနင်ကို တို့နှစ်ဦးဖြစ်တယ်လို့ ဖော်ပြထား ပါတယ်။
ကျဆုံးကစားသမားနှစ်ဦးရဲ့ကျန်ရစ်သူမိသားစုတွေကို အားပေးစကားပါးခဲ့ပြီး ကောင်းရာသုဂတိရောက် ပါစေလို့ FIFPRO ဆုတောင်းပေးခဲ့ပါတယ်။
ဝမ်းဇီး