တရုတ်နှစ်သစ်ကူးအတွက် ခေတ်ရေစီးကြောင်းအသစ်တစ်ခုအဖြစ် ကြက်ကြော်ရနံ့အမွှေးတိုင်ကို KFC က စတင်မိတ်ဆက်
တရုတ်နှစ်သစ်ကူးနေ့ကိုရောက်လာတော့မယ်ဆိုတော့ ထိုင်းနိုင်ငံ KFC ကုမ္ပဏီ ရဲ့ စျေးကွက်ရှာဖွေရေး အရာရှိချုပ် Suhayl Limbada က “KFC ဟာ တရုတ်အနွယ် ထိုင်းနိုင်ငံသားယဉ်ကျေးမှုမှတဆင့် Gen Z နှင့် ဆက်ဆံရေးကို နက်ရှိုင်းအောင် တည်ဆောက်လိုတာကြောင့် တရုတ်နှစ်သစ်ကူးနေ့က Gen Z နှင့် ၎င်းတို့၏မိသားစုများ နှစ်သစ်ကူးကို အတူတကွကျင်းပသည့် အကောင်းဆုံးအချိန်အခါဖြစ်ပါတယ်။ ဒါကြောင့် အသစ်အဆန်းနဲ့ ထူးခြားမှုကို အမြဲရှာဖွေနေတဲ့ မျိုးဆက်သစ်တွေဖြစ်တဲ့ အမှတ်တံဆိပ်နဲ့ စားသုံးသူတွေကြား ဆက်ဆံရေးတည်ဆောက်မှုရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အတွက် KFC နှင့် Wunderman Thompson Thailand တို့ ပူးပေါင်းဖန်တီးမှုတစ်ခုကြောင့် “ကြက်ကြော်ရနံ့ အမွှေးတိုင်” ဖြစ်လာခဲ့ပါတယ်။