31 January 2025

ထိုင်းမွေးစာရင်းရှိသည့်မြန်မာကလေးများ အသက် ၅ နှစ်ပြည့်လျင် ထိုင်း ၁၀ နှစ်ကတ်ပြား လျှောက်ထားနိုင်။

ထိုင်းနိုင်ငံ၏တည်ဆဲဉပဒေအရ ထိုင်းမွေးစာရင်းရှိပြီး ထိုင်းနိုင်ငံတွင်နေထိုင်လျက်ရှိသော အသက် ၅ နှစ်ပြည့်သည့်မြန်မာကလေးများသည် ထိုင်း ၁၀ နှစ်ကတ်ပြားလျှောက်ထားနိုင်သည်ဟု သိရသည်။

အစိုးရရုံးဖွင့်ရက်များတွင် သက်ဆိုင်ရာနယ်မြေစည်ပင်သာယာရေးရုံး ထေ့(စ်)စဘန်၊ မြို့နယ်ရုံး (အမ်ဖုန်ရုံး)၊ ခရိုင်မြို့တော်ခန်းမ (ဆားလာဝါ့ကန်)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး (ဗန်ကောက်မြို့နယ် ၅၀) စသည့်ဌာနများတွင်ကလေးကိုခေါ်ဆောင်ပြီး လျှောက်ထားနိုင်သည်ဟု သိရသည်။

နံပါတ် ၁၃ ပါထိုင်းမွေးစာရင်းယူဆောင်သွားရန်လိုအပ်ပြီး တစ်နေ့လျင် ၃၀ ဦးသာပြုလုပ်ပေးကာ ဘတ် ၂၀ ကုန်ကျမည်ဟု သိရသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS