27 April 2024

,

လမ်းဖုံးအသင်းနဲ့ပွဲစဉ်မှာ ကွင်းလယ်ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကိုမကျေနပ်တာကြောင့် လမ်းပန်း အသင်းပရိသတ်တချို့ ရမ်းကားမှုပြု။

M-150 ချန်ပီယံရှစ် ၂၀၂၁-၂၀၂၂ ရာသီပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ထိုင်းလိဂ်-၂ က လမ်းပန်း အသင်းနဲ့လမ်းဖုံးဝေါရစ်ယာအသင်းတို့ရဲ့ပွဲစဉ်မှာ အိမ်ကွင်းမှာ ၀-၁ ဂိုးနဲ့ဆုံးနိမ့်ခဲ့တဲ့လမ်းပန်းအသင်း ပရိသတ်တွေက ကွင်းလယ်ဒိုင်လူကြီးဆုံးဖြတ်ချက်ကို မကျေနပ်တာကြောင့် ကွင်းထဲဆင်းပြီး ကြော်ငြာ ဆိုင်းဘုတ်တချို့ကို ဖျက်ဆီးခဲ့ကြပါတယ်။

ပရိသတ်တချို့ရဲ့ဆိုးရွားတဲ့လုပ်ရပ်ကြောင့် အိမ်ရှင်လမ်းပန်းအသင်းဟာ မကြာခင်မှာ ကြီးလေးတဲ့ပြစ်ဒဏ်ခံရဖွယ်ရှိပါတယ်။

 ဒါ့အပြင် ထိုင်းလိဂ်လောကရဲ့ပုံရိပ်ကိုလည်း ဆိုးရွားသွားစေတယ်လို့ ထိုင်းဘောလုံးပရိသတ်တွေက ဝေဖန်ထားပါတယ်။

လမ်းဖုံးအသင်းဟာ မြန်မာ့လက်ရွှေးစင်ကွင်းလယ်လူ မောင်မောင်လွင် သွားရောက်ကစားနေတဲ့ အသင်းလည်းဖြစ်ပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS