2 May 2024

ဇူလိုင်လ ၁ ရက်၊ ၂၀၂၂

ထိုင်းနိုင်ငံအတွင်းသို့ ဇွန်လ ၃၀ ရက်နေ့တွင်တိုက်လေယာဉ်တစ်စင်း ကျူးကျော်ဝင်ရောက်မှုပတ်သက်ပြီး မြန်မာဘက်ကဆက်သွယ်လာပြီး တောင်းပန်ထားပြီးဖြစ်၍ ပြဿနာမဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ဒီကနေ့မှာ သတင်းထောက်တွေကိုပြောပါတယ်။

“ဒီကနေ့ စစ်သံတမန်တွေစကားပြောပြီးပြီ၊ သူတို့လဲတောင်းပန်လာတယ်။ ကျနော်လဲသူတို့နဲ့ပြောဆိုပြီးပြီ၊ သူတို့လွန်ကြောင်း ဝန်ခံတယ်။ ဒီဖြစ်စဥ်က ကြီးကြီးကျယ်ကျယ်ကိစ္စလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ကျနော်တို့ဘက်ကပဲ ဒီထက်ကြီးမားအောင်လုပ်မလား၊ ဒီထက်ကြီးမားအောင်လုပ်ရင်တော့ ဒီ့ထက်ကြီးကြီးမားမားဖြစ်မှာပဲ ဟုတ်တယ်မလာ၊ ပြီးတော့ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံက ဆက်ဆံရေးကောင်းတွေရှိပါတယ်။ ထို့ကြောင့် တစ်ခုခုဖြစ်ရင် နှစ်ဦးနှစ်ဖက်ညှိနှိုင်းတာတွေလုပ်ရတယ်။ အရေးကြီးဆုံးကတော့ ထိုင်းမှာလဲအချုပ်အခြာအာဏာကို ကာကွယ်ဖို့ လုံလောက်တဲ့ စွမ်းရည်ရှိတယ်။ ဒီကိစ္စမှာလဲ ကြီးမားတဲ့ပြဿနာတွေမဟုတ်”ဟု ထိုင်းဝန်ကြီးချုပ်က သတင်းထောက်တွေကိုဖြေကြားသွားတာဖြစ်ပါတယ်။

မြန်မာတိုက်လေယာဥ် ကျူးကျော်မှုဖြစ်တဲ့နေ့မှာ ထိုင်းစာသင်ကျောင်း ၂ ကျောင်းချက်ချင်းပိတ်လိုက်ရပြီး၊ ထိုင်းပြည်သူတွေက အထိတ်တလန့်နေထိုင်ရတယ်လို့ လူမှုကွန်ရက်တွေကနေတဆင့်ဖော်ပြထားပါတယ်။

ထိုင်းပိုင်နက်ကို ကျူးကျော်မှုအပေါ် ပြဿနာမဟုတ်ဟု ထိုင်းဝန်ကြီးချုပ်၏ ပြောဆိုချက်ကို ထိုင်းပြည်သူအများစုက နားမလည်နိုင်အောင် ဖြစ်ရကြောင်း လူမှုကွန်ရက်တွင် မှတ်ချက်များ ဆက်လက်ဝေဖန်ရေးသားနေကြတာတွေ့ရပါတယ်။

ကိုချစ် (ဇွဲကပင်မြေ)

SHARE THIS NEWS

OTHER NEWS