26 April 2024

သြဂုတ် ၂၄ ရက်၊ ၂၀၂၂

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ သစ်ချိုရွာ၊ ဟင်္သာရွာ၊ နှမစားရစ်ရွာ၊ ဆည်ကြီးရွာ၊ သပြေကန်ရွာ၊ ရွာဆိုးကျေးရွာ၊ ပေါက်ချိုင်ကျေးရွာ၊ ထူးကြီးကျေးရွာ၊ တည်ပင်ကျေးရွာနှင့် သန်းတောကျေးရွာ၊ ရေကြည်ဝကျေးရွာတို့တွင် နေအိမ် ၁၀၀၀ နီးပါးကို စစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးသွားတယ်ဟု သိရပါတယ်။

 

 

စစ်ကောင်စီတပ်နဲ့ ကာကွယ်‌ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်က ကျေးရွာရှိနေအိမ်များကိုး မီးရှို့ဖျက်ဆီးသွားတယ်ဟု မြန်မာဘက်ကလာတဲ့သတင်းတွေမှာဖော်ပြထားပါတယ်။

 

 

စစ်ကိုင်းတိုင်းရှိ ကျေးရွာများကို ယခုရက်ပိုင်းတွင် စစ်ကြောင်းထိုး၍ နေအိမ်များကိုဆက်တိုက်မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်နေတယ်လို့ ဖော်ပြချက်တွင် သိရပါတယ်။ ထိုကြောင့် စစ်ဘေးရှောင် ၅၀၀၀ ခန့်မှာ နေအိမ်တွေမီးရှို့ဖျက်ဆီးခံရတာကြောင့် တောထဲ၊ ဘုန်းကျောင်းတွေမှာနေထိုင်ရတာကြောင့် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူညီများလိုအပ်နေတာဖြစ်ပါတယ်။

 

 

ဓာတ်ပုံ – CJ

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS