16 January 2025

ကိုဗစ်၁၉ ကူးစက်မှုဖြစ်ပွားပြီ ကတည်းကပိတ်ထားတဲ့ မဲဆောက်-မြဝတီ အမှတ် ၁ ချစ်ကြည်ရေးတံတားမှာ ဒီနေ့အချိန်ထိ ဖွင့်လှစ်နိုင်ခဲ့မရှိသေးပါ။ ထို့ကြောင့် လာမည့် ၂၀၂၃ ဇန်နဝါရီလ ၁ ရက်နေ့မှာ အဆိုပါတံတားဖွင့်ပေးတော့မည်ဟု လူမှုကွန်များပေါ်မှာရေးသားနေကြပေမယ့်၊ ထိုင်းနယ်စပ်အာဏာပိုင်များကို ဆက်သွယ်မေးမြန်းတော့ အတည်ပြုဖို့ခက်တယ်ဟု ဆိုပါတယ်။

“တံတားဖွင့်ဖို့အတွက် ထိုင်းဘက်ကကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဒီကနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ သွားပြီးသန့်ရှင်းရေးတွေလုပ်ကြတာပါ။ လာမည့် ဒီဇင်ဘာလ ၂၂ ရက်နေ့မှာဆိုရင်လဲ Big Cleaning သွားလုပ်ဖို့ရှိပါသေးတယ်။ တံတားဖွင့်ကိစ္စကတော့ ပြောရခက်တယ်။ နှစ်သစ်ကူးမှာစောင့်ကြည့်ရလိမ့်မယ်။ ဟိုုဘက်က အဆင်သင့်ဖြစ်နေရင် ဖွင့်ပေးလို့ရမှာပါ။ ထိုင်းဘက်ကဖွင့်ဖို့ပြင်ဆင်ထားတာကြာပါပြီ၊ ကျနော့်အနေနဲ့ တံတားဖွင့်၊ မဖွင့်ကိစ္စကိုတော့ အတည်ပြုမပြောရေးသေးဘူး ” လို့ ကိုချစ် ဇွဲကပင်မြေ ကိုပြောပါတယ်။

ထိုင်းဘက်က ကိုဗစ်၁၉ စည်းကမ်းချက်တွေ လျှော့ချထားပြီးကတည်းက နယ်စပ်ဂိတ်တွေကို ဖွင့်ပေးပေမယ့်၊ မြန်မာဘက်က ဖွင့်ပေးဖို့အထက်ကအမိန့်ကို စောင့်ရဦးမယ်လို့ သိရပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS