9 May 2024

စီအိုင်ရုံး ၄ ခုကို ရက် ၉၀ တိုးချဲ့ဖွင့်လှစ်ရန် နှင့် သက်တမ်းတိုးအလုပ်လုပ်ကိုင်ခွင့်လက်မှတ်ကြေး ပေးသွင်းထားသူများကို ၃ လဖြေလျှော့ပေးရန် ထိုင်းအစိုးရအဖွဲ့ အတည်ပြု

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့ အင်္ဂါနေ့တွင်ကျင်းပခဲ့သော ထိုင်းအစိုးရအဖွဲ့ပုံမှန်အစည်းအဝေးတွင် ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ တင်သွင်းထာသော အဆိုပြုချက် ၂ ရပ်စလုံးကို ထိုင်းအစိုးရအဖွဲ့မှ အ တည်ပြုလိုက်သည်ဟု ထိုင်းအလုပ်သမားဝန်ကြီး စူချတ် ချွမ်ကလင် က ဆိုသည်။

လာမည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ (၂၀၂၃) တွင် သက်တမ်းတိုးအလုပ်လုပ်ကိုင်ခွင့်လက်မှတ်ကြေး ပေးသွင်းထား သူ များကို ထိုင်းအစိုးရမှ မေလ ၁၅ ရက် (၂၀၂၃) အထိ ဖြေလျှော့ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း နှင့် ဖြေလျှော့ ခွင့်ရရှိထားသော လုပ်သာများအနေဖြင့် မေလ ၁၅ ရက် (၂၀၂၃) အမီ စီအိုင်စာအုပ်ပြုလုပ်ခြင်း/ ပီဂျေ စာအုပ်အနီလဲခြင်း နှင့်ဗီဇာတုံးရိုက်နှိပ်ခြင်းများပြုလုပ်ပြီး မေလ ၁၅ ရက် (၂၀၂၃) နောက်ဆုံးထား၍ တင်သွင်းရမည်ဟု ဝန်ကြီးကဆို သည်။

 

 

အဆိုပါလုပ်သာများသည် သက်တမ်းတိုးပြီးစီးသည့်အခါ ၁၃-၂-၂၀၂၄ ရက်နေ့အထိ ၁ နှစ်သက်တမ်းရရှိ မည့်အုပ်စုနှင့် ၁၃-၂-၂၀၂၅ ရက်နေ့အထိ ၂ နှစ်သက်တမ်းရရှိမည့်အုပ်စုဟူ၍ အုပ်စု ၂ ခုပါဝင်သည်ဟု ဆိုသည်။

တဆက်တည်းတွင် ထိုင်းနိုင်ငံ စမွတ်ဆာခွန်၊ စမွတ်ပရာကန်၊ ချွန်ဘူရီ၊ ရနောင်း စသည့်ခရိုင် ၄ ခုရှိ စီအိုင်ရုံး ၄ နေရာကို မေလ ၁၃ ရက် (၂၀၂၃) အထိ တိုးချဲ့ဖွင့်လှစ်ရန် အတည်ပြုလိုက်သည်ဟု ဆိုသည်။

လက်ရှိတွင် စီအိုင်စာအုပ်ပြုလုပ်ရန်ကျန်ရှိနေသော မြန်မာလုပ်သားဦးရေ ၃ သိန်းခန့်ရှိသည်ဟု ဆိုသည်။

 

 

ထို့နောက် လွန်ခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့ (၂၀၂၂) နောက်ပိုင်းတွင် လူသစ်ပန်းရောင်ဘတ်ကတ်ပြုလုပ် ထားသော လုပ်သားဦးရေ ၂ သန်းခွဲနီးပါး (၂,၄၂၅,၉၀၁) ရှိပြီး ဖေဖော်ဝါရီ ၇ ရက်နေ့ (၂၀၂၃)အချက် အလက်အရ သက်တမ်းတိုးအလုပ်လုပ်ကိုင်ခွင့်လက်မှတ်ကြေးပေးသွင်းထားသောဦးရေမှာ (၄ သိန်း စွန်းစွန်း) ၄၀၃,၀၆၂ ဦးသာရှိနေပြီး ပေးသွင်းရန် ၂ သန်းကျော် (၂,၀၂၂,၈၃၉) ကျန်ရှိနေသည်ဟု အလုပ်သမားဝန်ကြီး ကဆိုသည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS