ပြိုင်ဘက်လုပ်ငန်းကြီးနှစ်ခုဖြစ်တဲ့ ထရူးနဲ့ဒီတက်တို့ပေါင်းစည်းဖို့ ညှိနှိုင်းနေချိန်မှာ အဆိုပါဆက်သွယ်ရေးအော်ပရေတာနှစ်ခုရဲ့သုံးစွဲသူတွေကို ဆွဲဆောင်နိုင်ဖို့ရည်ရွယ်ချက်နဲ့ 50%ပရိုမိုးရှင်းအပါအဝင် “အေအိုင်အက်စ်နဲ့နေတာအကောင်းဆုံး” ဆိုတဲ့ စကားစုကိုရှေ့တန်းတင်ကြော်ငြာပြီး ဈေးကွက်ထိုးဖောက်လာတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့က ထရူးနဲ့ဒီတက်တို့လုပ်ငန်းပေါင်းစည်းဖို့ဆွေးနွေးမှုရုပ်လုံးပေါ်လာတဲ့နောက်မှာ ပြိုင်ဘက်အော်ပရေတာဖြစ်တဲ့ အေအိုင်အက်စ်က ကြော်ငြာကဏ္ဍကိုအရိုန်မြှင့်တင်ပြီးဈေးကွက်ထိုးဖောက်လာတာတွေ့ရပါတယ်။ …