27 April 2024

ယူကရိန်းကိုကျူးကျော်စစ်ထိုးစစ်ဆင်လိုက်ရာက ဖြစ်ပေါ်လာတဲ့ အသက်သေဆုံးမှုနဲ့ထိခိုက်ပျက်စီးမှုတွေကို ရုရှားဘက်က တာဝန်ယူရမယ်လို့ အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင် တုံ့ပြန်။

ရုရှားက ယူကရိန်းကို မစ်ဆိုင်းဒုံးကျည်တွေပစ်ပြီး စစ်မျက်နှာဖွင့်လိုက်တဲ့နောက်မှာ အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင် က စစ်ခင်းတဲ့နည်းလမ်းကိုရွေးချယ်ခဲ့တဲ့ ရုရှားသမ္မတ ပူတင်ကို ပြစ်တင်ရှုတ်ချထားတဲ့ ထုတ်ပြန်ချက်တစ်စောင်ကို အိမ်ဖြူတော်က ရှေ့ဆင့်နောက်ဆင့် ထုတ်ပြန်ခဲ့ပါတယ်။

“ရုရှားရဲ့ အကြောင်းမဲ့ မတရားသောကျူးကျော်စစ်ပြုလိုက်တဲ့အပေါ် ဒီညမှာ ကမ္ဘာတစ်ဝှမ်းလုံးက ယူကရိန်းအတွက် ဆုတောင်းပေးနေကြပါတယ် သမ္မတ ပူတင် ဟာ စစ်ခင်းတဲ့နည်းလမ်းကိုရွေးချယ်ဖို့ ကြိုတင်စီစဉ်ပြီးသားပါ ဒီနည်းဟာ လူ့အသက်ပေါင်းများစွာကိုဆုံးရှုံးစေမှာဖြစ်သလို ကြီးမားတဲ့နာကျင်မှု တွေကိုလည်းဖြစ်ပေါ်စေမှာ သေချာပါတယ် အခု ကျူးကျော်စစ်ကနေဖြစ်ပေါ်လာတဲ့ အသက်သေဆုံး မှုတွေနဲ့ နာကျင်မှုတွေကို ရုရှားတစ်ဦးတည်းသာ တာဝန်ယူရပါလိမ့်မယ် ဒီအရေးနဲ့ပတ်သက်လို့အမေရိကန်နဲ့မဟာမိတ်တွေက ညီညီညွတ်ညွတ် ပြတ်ပြတ်သားသား တုံ့ပြန်သွားမှာပါ တစ်ကမ္ဘာလုံးက ရုရှားကိုအပြစ်ပေးမှာပါ” လို့ ဖော်ပြထားပါတယ်။

သူ့အနေနဲ့ ဒီညမှာ အိမ်ဖြူတော်ကနေပြီး အခြေအနေကိုစောင့်ကြည့်နေပါမယ် မနက်ဖန်မှာ G7 နိုင်ငံ တွေနဲ့အစည်းအဝေးကျင်းပမှာဖြစ်ပြီး ရုရှားအပေါ်ထပ်မံချမှတ်မယ့်အရေးယူပိတ်ဆို့မှုတွေနဲ့ပတ်သက်လို့အမေရိကန်ပြည်သူတွေကို ချပြသွားမယ်လို့ ဆိုပါတယ်။

သတင်း ပလာတူး

SHARE THIS NEWS

OTHER NEWS