3 May 2024

၂၀၂၂ မတ်လ ၃၀ ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် မဲဆိုင် တွင် စိတ်ကြွဆေးပြားပေါင်း ၁၂,၀၀၀ နှင့် ရေခဲ ၂၀.၆ ဂရမ် တို့ကို ပလတ်စတစ်အိတ်ဖြင့်ပတ်ပြီး ထိုင်း-မြန်မာ နယ်စပ်စည်းခြားထားတဲ့ မြစ်ကို ဖြတ်ကူးကာ ထိုင်းဘက်ခြမ်းသို့ ဝင်ဖို့ ကြိုးစားတဲ့ မြန်မာနိုင်ငံသား တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

 

 

 

တရားခံဟာ ထိုင်းဘက်ခြမ်းက ထိုင်းလူမျိုးတစ်ဦးကို မူးယစ်ဆေးဝါးတွေ လာရောက်ပို့ဆောင်ပေးတာဖြစ်တယ်လို့ ထွက်ဆိုပါတယ်။ ထိုင်းအာဏာပိုင်တွေကတော့ မူးယစ်ဆေးတွေသယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသားကို ထိန်းသိမ်းထားပြီး ၎င်းနဲ့ဆက်စပ်မှုရှိတဲ့သူတွေကို ဖမ်းဆီးနိုင်ဖို့ ကြိုးပမ်းနေတယ်လို့သိရပါတယ်။

MAESAIPRESS

SHARE THIS NEWS

OTHER NEWS