25 April 2024

—————————–

ဒီဇင်ဘာလ ၁၃ ရက်၊ ၂၀၂၂

ထိုင်းလွှတ်တော်အလုပ်သမားရေးရာအဖွဲ့ဝင်တွေနဲ့ NUG အစိုးရ အွန်လိုင်းမီတင် (Meeting) ကတဆင့်အစည်းဝေးတရပ်ကျင်းပခဲ့ကြတယ်လို့ အလုပ်သမားသံအရာရှိဟောင်း ကိုဝေလင်းမောင် ကဆိုပါတယ်။

“ထိုင်းနဲ့ဆွေးနွေးသွားတဲ့ အသေးစိတ်ကိုတော့ ထုတ်ပြောလို့မရသေးဘူးပေါ့၊ ဘာကြောင့်လဲဆိုတော့ ထိုင်းဘက်ကအကောင်ထည်ဖော်နိုင်ဖို့သွားနေတဲ့စပ်ကြားမှာမို့လိုပါ။ အလုပ်သမားတွေအတွက်အကျိုးရှိမယ့်အကြောင်းအရာတွေတော်တော်များများပါတယ်” လို့ အလုပ်သမားသံအရာရှိဟောင်း ကိုဝေလင်းမောင် ကိုချစ်ဇွဲကပင်မြေကို ပြောပါတယ်။

အလုပ်သမာအရေးနဲ့ပတ်သက်ပြီး ဒီဇင်ဘာလ ၇ ရက်နေ့မှာပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ထိုင်းမှာရှိတဲ့မြန်မာရွှေ့့ပြောင်းအလုပ်သမားအရေးနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ရန်အတွက်စည်းဝေးခဲ့ကြတာဖြစ်ပြီး၊ အစည်းဝေးရဲ့အသေးစိတ်ကိုတော့ နှစ်ဖက်သဘောတူညီမှုအရ ထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။

တွေ့ဆုံဆွေးနွေးပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နိုင်သုဝဏ္ဏ၊ ဒုတိယဝန်ကြီး ဦးကျော်နီနှင့် ဌာနတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ လွှတ်တော် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့် လွှတ်တော်အလုပ်သမားရေးရာ အတိုင်ပင်ခံ တို့ တက်ရောက်ခဲ့ကြပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS