26 April 2024

——————–

ဗန်ကောက် ဇန်နဝါရီလ ၂၅ ရက်၊ ၂၀၂၃

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဂျိုင်းတံတားနားမှာရှိတဲ့ ကျုံဒိုးမြို့အနီးတဝိုက်မှာ တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေပါတယ်။ လက်ရှိတွင် ကျုံဒိုးမြို့အနီးရှိ ကမ်းနီ ၊ မိဂလုံ ၊ ကော့ဘိန်း အစရှိသည့်ကျေးရွာများမှာ စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူများဖြင့် ရမ်းသန်းပစ်ခတ်နေမှုကြောင့် ကျေးရွာတွင်းမှာ ကျရောက်ပေါက်ကွဲတာကြောင့် နေအိမ်မီးနေမှုများဖြစ်ပေါ်နေပါတယ်။

 

 

အဆိုပါကျေးရွာတွင်းရှိ ဒေသခံပြည်သူများတိမ်းရှောင်နေရတာကြောင့် လောင်နေတဲ့မီးတွေကို ငြိမ်းသတ်ပေးသူမရှိဖြစ်နေပါတယ်။ စစ်ကောင်စီ နှင့် KTL Army ၏ ဗျူဟာမှူးဗိုလ်အယ်စေးဝါးဦးဆောင်သော Lion Battalion Commando – ဗျူဟာစစ်ကြောင်း ၊အခြားသောပူပေါင်းမဟာမိတ်တပ်ဖွဲ့များ အကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတာပါ။

 

တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးများ ပစ်ခတ်ခြင်းအပါဝင် လေကြောင်း စစ်ကူအနေဖြင့် Mi 35 ရဟတ်ယာဉ် စစ်ကူပေးနေတယ်လို့လဲ သိရပါတယ်။ ယနေ့အထိတိုက်ပွဲမှာတော့ စစ်ကောင်စီတပ်သား ၄၀ ဦးကျဆုံးတယ်လို့ Lion Battalion Commando ကထုတ်ပြန်ပါတယ်။

 

“စစ်ကောင်စီဘက်မှကျဆုံးသူ ၄၀ ကျော်ရှိတယ်၊ ကျနော်တို့ဘက်မှာတော့ အကျဆုံးမရှိ၊ ထိခိုက်ဒဏ်ရာရရှိသူအနည်းငယ်သာရှိတယ်” ဆိုပါတယ်။ ဇန်နဝါရီလ ၂၀ နေ့မှစ၍ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲမှာ ဒီကနေ့အထိ တိုက်ပွဲမှာ ပိုမိုပြင်းထန်လာပြီး၊ လက်ရှိမှာ ထိစစ်ရေးတင်းမာနေဆဲဟု Lion Battalion Commando ကထုတ်ပြန်ပါတယ်။

.

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS