အိုမီခရွန်ကူးစက်မှုကိုကာကွယ်ရန်အတွက် ဌာနအားလုံးအိမ်မှာနေ၍အလုပ်လုပ်ရန်နှင့် ATK စစ်ဆေးရန် ချင်းမိုင်ခရိုင်ကူးစက်ရောဂါကော်မတီ ညွှန်ကြား။ အိုမီခရွန်ကူးစက်မှုကိုကာကွယ်ရန်အတွက် နှစ်သစ်ကူးပွဲတော်အလွန်တွင် ဌာနဆိုင်ရာများ၊ စက်ရုံအလုပ်ရုံများ နှင့် ဈေးများတွင် အိမ်မှာနေ၍အလုပ်လုပ်ရန်အတွက်စဉ်းစားပေးရန်၊ ATK စနစ်ဖြင့် ကိုဗစ်-၁၉ နှစ်ကြိမ်စစ်ဆေးရန် ခရိုင်ကူးစက်ရောဂါကော်မတီမှထုတ်ပြန်ထားသည်ဟု ချင်းမိုင်ခရိုင်ပြည်သူ့ကျန်းမာရေးဌာနကဖော်ပြထားသည်။ …